ပူနွေးလာသော ကမ္ဘာကြီးထဲမှာ….
ပူနွေးလာသော ကမ္ဘာကြီးထဲမှာ
ဖီးနစ်ငှက်ဟာ အတောင်ပံတွေတဖျပ်ဖျပ်…..
အနာဂါတ်ကျိုးပဲ့နေသော သံလမ်းတလျှောက်
ငြိမ်းချမ်းရေးရထားတွေ တစ်စီးပြီးတစ်စီး….
ခ၀ါချခဲ့ရတဲ့ စစ်မက်မြေအတွင်းထဲ
အဏုမြူတွေ၊
အကြမ်းဖက်တွေ၊
မျိုချမရတဲ့ အာဎာာတတွေ
တစ်ခုပြီးတစ်ခု
တစ်မျိုးပြီးတစ်မျိုး…..
ခုခံထားတဲ့ အကြောင်းပြချက်တွေနဲ့ပဲ
ပင်လယ်လှိုင်းတွေဟာ တရိပ်ရိပ်….
သန်းပေါင်းများစွာထဲမှာ
ကိုယ်ကိုယ်တိုင်က
သမင်ဖြစ်လိုက်
ကျားဖြစ်လိုက်….
အသုံးမကျမှုတွေစုပုံထားတဲ့ ဦးခေါင်းခွံ ခပ်သေးသေးထဲမှာ
တံခါးမရှိ ဓါးမရှိလောဘတွေ တလဟော….
အဲဒီလိုပူနွေးလာသောကမ္ဘာကြီးထဲမှာ
ဖီးနစ်ငှက်ဟာ အတောင်ပံတွေတဖျပ်ဖျပ်….။ ။
( ရေးထားတာတော်တော်ကြာပါပြီ….ရေးစတုန်းကတော့ ပျံသန်းခြင်း ၂၂ လို့ပေးခဲ့ပါတယ်။
ခုမှတဖန်ခေါင်းစဉ်ပြောင်းလိုက်တာပါ…။ ကဗျာရေးဖော်သူငယ်ချင်းတစ်ချို့ကတော့
ဒီကဗျာပုံစံကြီးကိုမကြိုက်ဘူးလို့ ပြောဖူးပါတယ်…။ ဘလော့ဂါ ညီအကိုမောင်နှမတွေလည်း
ဖတ်ပြီးရင် စိတ်ထဲရှိသလို အားမနာတမ်းဝေဖန်ပေးသွားနိုင်ပါတယ်…။ )
ဖီးနစ်ငှက်ဟာ အတောင်ပံတွေတဖျပ်ဖျပ်…..
အနာဂါတ်ကျိုးပဲ့နေသော သံလမ်းတလျှောက်
ငြိမ်းချမ်းရေးရထားတွေ တစ်စီးပြီးတစ်စီး….
ခ၀ါချခဲ့ရတဲ့ စစ်မက်မြေအတွင်းထဲ
အဏုမြူတွေ၊
အကြမ်းဖက်တွေ၊
မျိုချမရတဲ့ အာဎာာတတွေ
တစ်ခုပြီးတစ်ခု
တစ်မျိုးပြီးတစ်မျိုး…..
ခုခံထားတဲ့ အကြောင်းပြချက်တွေနဲ့ပဲ
ပင်လယ်လှိုင်းတွေဟာ တရိပ်ရိပ်….
သန်းပေါင်းများစွာထဲမှာ
ကိုယ်ကိုယ်တိုင်က
သမင်ဖြစ်လိုက်
ကျားဖြစ်လိုက်….
အသုံးမကျမှုတွေစုပုံထားတဲ့ ဦးခေါင်းခွံ ခပ်သေးသေးထဲမှာ
တံခါးမရှိ ဓါးမရှိလောဘတွေ တလဟော….
အဲဒီလိုပူနွေးလာသောကမ္ဘာကြီးထဲမှာ
ဖီးနစ်ငှက်ဟာ အတောင်ပံတွေတဖျပ်ဖျပ်….။ ။
နွေသူရ
၀၉၊၂၀၀၂
( ရေးထားတာတော်တော်ကြာပါပြီ….ရေးစတုန်းကတော့ ပျံသန်းခြင်း ၂၂ လို့ပေးခဲ့ပါတယ်။
ခုမှတဖန်ခေါင်းစဉ်ပြောင်းလိုက်တာပါ…။ ကဗျာရေးဖော်သူငယ်ချင်းတစ်ချို့ကတော့
ဒီကဗျာပုံစံကြီးကိုမကြိုက်ဘူးလို့ ပြောဖူးပါတယ်…။ ဘလော့ဂါ ညီအကိုမောင်နှမတွေလည်း
ဖတ်ပြီးရင် စိတ်ထဲရှိသလို အားမနာတမ်းဝေဖန်ပေးသွားနိုင်ပါတယ်…။ )
Advertisement
Craton said,
January 20, 2009 at 6:06 pm
ဘာလို့မကြိုက်ကြတာလဲ ကဗျာပုံစံကို။ ကောင်းပါတယ် ရေးထားတာလေး။
ပုလဲ said,
January 20, 2009 at 6:29 pm
-သန်းပေါင်းများစွာထဲမှာ
ကိုယ်ကိုယ်တိုင်က
သမင်ဖြစ်လိုက်
ကျားဖြစ်လိုက်….- ပုလဲခံစားရတာတော့ ကဗျာရှင်းရှင်းလေးတစ်ပုဒ်
-အသုံးမကျမှုတွေစုပုံထားတဲ့
ဦးခေါင်းခွံ ခပ်သေးသေးထဲမှာ
တံခါးမရှိ ဓါးမရှိလောဘတွေ တလဟော- ဟုတ်တယ် လက်ခံပါတယ် ကြိုက်လည်းကြိုက်တယ်
အသက်မဆုံးသ၍ တဖျပ်ဖျပ်နဲ့ ခတ်နေရဦးမယ်ထင်တယ်
ထင်သလိုပြောခဲ့တာပါ မှားခဲ့ရင် တောင်းပန်ပါတယ်နော်
flower.poem said,
January 21, 2009 at 4:34 am
ရေးတာကောင်းပါတယ် ကဗျာရဲ့ကာရံတွေဘာတွေတော့ နားမလည်ဘူး ဒါပေမယ့်ဖတ်လို့ကောင်းတယ် စာသားလေးတွေက.
su wai said,
January 21, 2009 at 9:58 am
အိုဇုန်းလွှာတွေ ပါးလို့ တနေ့တခြား ပူနွေးမှုအားကောင်းလာတဲ့ ကမ္ဘာကြီးထဲက ဖီးနစ်ငှက်ရဲ့ တောင်ပံခတ်သံကို ကြားလိုက်ရတယ် ကိုသူရရေ…
ရေးနေကျပုံစံနဲ့ သိပ်မတူပေမယ့် စာသားတွေကို ခံစားလို့ရတယ်..
အနာဂါတ်ကျိုးပဲ့နေသော သံလမ်းတလျှောက်
ငြိမ်းချမ်းရေးရထားတွေ တစ်စီးပြီးတစ်စီး….
အဲဒါလေးကို သဘောကျတယ်.. ဒီလိုကဗျာပုံစံတွေ ရေးဖြစ်ခဲ့ရင်လဲ တင်ပေးပါဦး။
ခင်မင်စွာဖြင့်
ဆုဝေ
အိမ် said,
January 21, 2009 at 10:06 am
ကဗျာလေးကောင်း၏ နည်းနည်းတော့ နားမ
လည်ဘူးဗျ ဒါကလဲ ကျနော်လိုက်မမှီတာပါဗျာ
ဖိုးဂျယ် said,
January 21, 2009 at 7:47 pm
အကိုကဗျာတွေက အားမာန်တွေပါတယ်လို့
ခံစားရတယ်ဗျာ အရမ်းကောင်းပါတယ်