စီးမျောခြင်းသံစဉ်

စီးမျောခြင်းသံစဉ်

လူတစ်စုရဲ့အပူက လူတစ်စုကိုလာဟပ်တယ်
ငါ့ကိုယ်ပေါ်မှာ မီးတောက်တွေ တဖွားဖွား
ငါ့သွေးထဲမှာ မီးပွားတွေတလွင့်လွင့်

ခေတ်တစ်ခုရဲ့ အရှိန်ထဲမှာ ငါတို့မျောခဲ့ကြ
တကယ်တမ်းပြောရရင်
ငါတို့ကိုယ်ငါတို့ မျှောခဲ့ကြ
သမိုင်းအပြောင်းမှာသူရဲကောင်းတွေ ပေါ်လာမှာပဲ
သက်ကြီးစကားသက်ငယ်ကြားကတည်းက
ငါတို့သမိုင်းနံရံမှာတော့ အမှားတွေအထပ်ထပ် ရေးဖြစ်ခဲ့ပြီ
စင်ပေါ်တက်ချိန်မှာ
စင်အောက်ကမျက်နှာချိုသလား၊ ခါးသလား
၁၀ နှစ်ကျော်စွဲကပ်ခဲ့တဲ့ ကြပ်ခိုးတွေဟာ
ခေါင်းထဲမှာ ပြည့်ကြပ်ကုန်ပြီ
ဒီလက်တွေနဲ့ ဒီလက်တွေကိုကမ်းခဲ့ကြ
ပြီးတော့ ဒီလက်တွေနဲ့ပဲ ၀ါးကူထိုးခဲ့
အဖတ်ဆယ်မရတော့တဲ့ ဒီတွင်းနက်တွေထဲမှာ
ဦးနှောက်တွေလည်းယိုစီးကျပေါ့
စီးမျောပြီးရင်းစီးမျောခဲ့တာ
ဇာတ်သိမ်းခန်းရောက်မှ ပိုးဖလံတွေဖြစ်မှန်းသိရတော့တယ်
မီးတောက်တွေကတော့ အခုထိလှပနေတုန်းပဲ…….။

နွေသူရ
၀၆၊၀၁၊၂၀၀၉

Advertisement

14 Comments

  1. December Cinderella said,

    January 17, 2009 at 10:15 am

    ဟေး ပျော်တယ်ဟေ့
    အရင်ဆုံး မန့်ခွင့်ရတယ်။

    အကြိုက်ဆုံးစာသားလေးတွေနေရာကို
    အရင်ဆုံး highlight လုပ်ပါမယ် ..

    ” ငါ့ကိုယ်ပေါ်မှာ မီးတောက်တွေ တဖွားဖွား
    ငါ့သွေးထဲမှာ မီးပွားတွေတလွင့်လွင့် “

    “သမိုင်းအပြောင်းမှာသူရဲကောင်းတွေ ပေါ်လာမှာပဲ “

    “ဒီလက်တွေနဲ့ ဒီလက်တွေကိုကမ်းခဲ့ကြ
    ပြီးတော့ ဒီလက်တွေနဲ့ပဲ ၀ါးကူထိုးခဲ့”

    “ဇာတ်သိမ်းခန်းရောက်မှ ပိုးဖလံတွေဖြစ်မှန်းသိရတော့တယ်
    မီးတောက်တွေကတော့ အခုထိလှပနေတုန်းပဲ…….။”

    မောင်လေးရေ ..
    လှပတဲ့ မီးတောက်ကလေးတွေဖြစ်ဖို့အတွက်
    ပိုးဖလံတွေအဖြစ် လောင်ကျွမ်းခွင့်ရတာကို
    အစ်မကတော့ ၀မ်းသာတယ်။

    လူရယ်လို့ ဖြစ်လာမှာတော့
    ကိုယ့်အတွက်ကိုယ်တင်မကဘူး
    ကိုယ့်ပတ်ဝန်းကျင်အတွက်ကိုယ်ပါ
    တစ်ခုခုတော့ စွမ်းဆောင်ပေးခဲ့ရမှာပဲ ..
    အဲ့ဒါမှမဟုတ်ရင်တော့
    လူဖြစ်ရကျိုးမနပ်ဘူး
    ကိုယ့်လိပ်ပြာက ကိုယ့်ကိုသတ်နေမှာပဲ။

    စီးမျောခြင်းသံစဉ်ထဲမှာ
    ကျေကျေနပ်နပ် လွတ်လွတ်လပ်လပ်ကြီး
    မျောပါသွားတယ်။

  2. ဖိုးဂျယ် said,

    January 17, 2009 at 10:41 am

    အိုး မီးတောက်တွေ တဖွားဖွားလွင့်နေတယ်
    င့ါကိုယ်ငါ လင်းလက်ဖို့ ပျော်ရွှင်စွာ
    လောင်ကျွမ်းမယ် . . . .
    အကိုရေ စိတ်ထဲပေါ်တာလေး ချရေးသွားတာပါ
    အရမ်းကောင်းတယ်ဗျာ
    အကိုကဗျာတွေ ဖတ်ရတာ
    သွေးတွေဆူပွက်လာသလို ခံစားရတယ်

  3. ပုလဲ said,

    January 17, 2009 at 10:53 am

    ဟုတ်ပါ့ ဟုတ်ပါ့ တကယ်လေးနက်ပြီး ကောင်းတဲ့ကဗျာတွေ ရေးတတ်တဲ့ ကိုနွေသူရကို အားကျပါတယ်
    ခေါင်းစဉ်ကလည်း လှတယ်
    -ခေတ်တစ်ခုရဲ့ အရှိန်ထဲမှာ ငါတို့မျောခဲ့ကြ
    တကယ်တမ်းပြောရရင်
    ငါတို့ကိုယ်ငါတို့ မျှောခဲ့ကြ- ဒီစာသားကိုနှစ်သက်မိပါတယ်
    အားပေးလျက်ပါ :)

  4. အိမ် said,

    January 17, 2009 at 10:53 am

    ကဗျာရေးသူက ဘာကိုဆိုလိုချင်မှန်းမသိပေမဲ့
    မျက်စေ့ထဲပြေးမြင်မိတာကတော့…………….
    ပြောတော့ဘူးဗျာ အနှောင့်မလွတ် အသွားမ
    လွတ်ဆိုတော့ ပြောရမှာ ခပ်လန့်လန့်ရယ် ဟီး

  5. မီးမီးငယ် said,

    January 17, 2009 at 2:12 pm

    ဒီလက်တွေနဲ့ ဒီလက်တွေကိုကမ်းခဲ့ကြ
    ပြီးတော့ ဒီလက်တွေနဲ့ပဲ ၀ါးကူထိုးခဲ့
    အဖတ်ဆယ်မရတော့တဲ့ ဒီတွင်းနက်တွေထဲမှာ
    ဦးနှောက်တွေလည်းယိုစီးကျပေါ့

    အဲဒီစာသားကြိုက်တယ်အကိုရေ
း)

  6. အိပ်မက်နိဒါန်း said,

    January 17, 2009 at 2:56 pm

    စီးမျောပြီးရင်းစီးမျောခဲ့တာ
    ဇာတ်သိမ်းခန်းရောက်မှ ပိုးဖလံတွေဖြစ်မှန်းသိရတော့တယ်
    မီးတောက်တွေကတော့ အခုထိလှပနေတုန်းပဲ

    ရင်ထဲကိုတည့်တည့်ဘဲ.အရေးအသားကောင်းလေးတွေကို
    ခံစားသွားပါတယ်.

    လေးစားမိပါတယ်..
    အိပ်မက်

  7. ၀ါဝါခိုင်မင်း said,

    January 17, 2009 at 3:22 pm

    စာသားလေးတွေကောင်းတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ မောင်လေးနွေသူရ ရေ.

  8. ရဲရင့်နီ said,

    January 18, 2009 at 12:27 am

    စီးမျောရင်း
    ပျော်ဝင်သွားပါတယ်…

  9. အလှတရား said,

    January 18, 2009 at 8:46 am

    ကိုနွေ တယ်ကောင်း။
    :)

  10. flower.poem said,

    January 18, 2009 at 9:29 am

    စီးမျောပြီးရင်းစီးမျောခဲ့တာ
    ဇာတ်သိမ်းခန်းရောက်မှ ပိုးဖလံတွေဖြစ်မှန်းသိရတော့တယ်
    မီးတောက်တွေကတော့ အခုထိလှပနေတုန်းပဲ…….။
    ဒီစာသားလေးကို ကြိုက်တယ် အရေးအသားကောင်း တယ် ကိုနွေသူရ အများကြီးရေးနိုင်ပါစေ.

  11. မသက်ဇင် said,

    January 19, 2009 at 1:48 pm

    နွေသူရရေ—
    နေမကောင်းတာကြာနေလို့ အခုမှ ရောက်တယ်—
    ကဗျာလေးသေခြာခံစားဖတ်ပါတယ်–
    နွေသူရကဗျာလေးတွေကတော့ အမြဲတမ်းလှပနေပါတယ်–
    ပျော်ရွှင်ချမ်းမြေ့ပါစေ–

  12. Welcome said,

    January 20, 2009 at 2:59 am

    ခံစားလို့ သိပ်ကောင်းတဲ့ ကဗျာလေး လာဖတ်တယ်။ နက်မကောင်းလို့
    စိတ်သွားတိုင်း ကိုယ်မပါပါဘူး။

  13. su wai said,

    January 21, 2009 at 9:45 am

    စီးမျောခြင်းသံစဉ်… နောက်ထပ် ကြိုက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ… ကိုသူရရဲ့ ကဗျာတိုင်းကိုတော့ အမြဲအားပေးနေပါတယ်။ ဒီကဗျာမှာ နောက်ဆုံးပိုဒ်လေးကို အကြိုက်ဆုံးပဲ။ ခေတ်တစ်ခုရဲ့ အရှိန်ထဲမှာ မျောသွားတာလား… ကိုယ်တိုင်ကပဲ မျှောခဲ့ကြတာလားဆိုတာတော့ ဝေခွဲလို့မရသေးဘူး။

    ခင်မင်စွာဖြင့်
    ဆုဝေ

  14. ရဲရင့်နီ said,

    January 21, 2009 at 1:28 pm

    လောကကြီးမှာ…ဘာဘဲလုပ်လုပ်
    သတိရှိဖို့က အရေးကြီးတယ်….

    ရှေးထုံးလည်း မပယ်..
    ဈေးသုံးလည်း မလွယ်နဲ့ဆိုပေမယ့်
    ရှေးထုံးကိုလည်း ပြစ်ပယ်သင့်ရင်..
    ပယ်ရဲရမယ်…

    အနာသိရင်ဆေးရှိဆိုပေမယ့်
    အနာရှိပြီးဆေးမသိတာတွေကိုရော…
    ငါတို့ဘယ်လို လုပ်ကြမလဲ…

    အတ္တတွေနဲ့ရေးခြယ်ထားတဲ့ လူတွေရဲ့ သမိုင်း
    စုတ်ချက်ကြမ်းကြမ်းနဲ့မို့
    တစ်ကြိမ်တစ်ခါတော့ ရာဇဝင်ရိုင်းခြင်
    ရိုင်းသွား လိမ့်မယ်….

    သူ့အရပ်နဲ့ သူ့ဇာတ်ကနေတယ်
    ငါတို့မပိုင်တဲ့ ကကွက်ကို..
    ဝင်မကဖြစ်တာကမှ ပိုပြီးကောင်းသေးတယ်..

    မြင်နေရတဲ့ မျက်လုံးတွေကိုမှိတ်..
    ကြားနေရတဲ့ အသံတွေရဲ့ 
    အဝေးဆုံးကိုပြေးပြီး…
    ကိုယ့်ခြေထောက်ပေါ်ကိုရပ်…
    ဝင်သက် ထွက်သက်..
    ပြင်းပြင်း ရှူလို့
    ငါဆုတောင်းလိုက်တယ်….
    မျက်ရည်အားလုံး တိတ်ပါစေ……
    မီးတောက်တွေအားလုံး ငြိမ်းပါစေ….


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.