နွေသူရသို့….အိတ်ဖွင့်ပေးစာ ဘ၀ကနက်လာလေလေ အိမ်ပြန်တံခါးဝတွေ ပိုကျဉ်းသွားလေလေ တိုးရင်းဝှေ့ရင်းနဲ့ပဲ အလျင်းသင့်သလို ဖြတ်သန်းခဲ့ကြ တိုးရင်းဝှေ့ရင်းနဲ့ပဲ ပြီးဆုံးကြောင်း ကြေညာခဲ့ကြ ၉၈ ကနေ ၂၀၀၈ ဘာတွေဘယ်လောက်ချန်ထားရစ်ခဲ့ မင်းလေထုဟာသန့်စင်ရဲ့လား မင်း ကဗျာတွေကရော အဆိပ်တောက်ကင်းစင်ရဲ့လား မင်းဟာ မင်းနေရာနဲ့ရောတန်ရဲ့လား ……………………………… ………………………………. …………………………………. ………………………………… မနေ့ကလမ်းတွေက ပိုကျဉ်းသွားပေမယ့် မနေ့ကမျက်စိတွေက ပိုကျယ်လာနိုင်ပါ့မလား မနေ့တုန်းကမင်းကရော မာန်မာနကင်းရဲ့လား ၂၀၀၉ ရဲ့အက်ကြောင်းတိုင်းမှာ ဘ၀က ပိုပိုပြီးစေးပစ်လာနိုင်သလား ရန်သူတွေက ပိုပိုပြီးအေးစက်လာနိုင်သလား သမားရိုးကျ အိမ်ပြန်ညတွေကရော အရင်လိုနွေးထွေးပါ့ဦးမလား ။ ။ နွေသူရ ၀၇၊၀၁၊၂၀၀၉
နွေသူရသို့ …အိတ်ဖွင့်ပေးစာ
January 9, 2009 at 10:17 pm (နွေသူရသို့ ...အိတ်ဖွင့်ပေးစာ)
Advertisement
meimeistar said,
January 9, 2009 at 11:48 pm
ဘ၀ကနက်လာလေလေ
အိမ်ပြန်တံခါးဝတွေ ပိုကျဉ်းသွားလေလေ
တိုးရင်းဝှေ့ရင်းနဲ့ပဲ
အလျင်းသင့်သလို ဖြတ်သန်းခဲ့ကြ
တိုးရင်းဝှေ့ရင်းနဲ့ပဲ
ပြီးဆုံးကြောင်း ကြေညာခဲ့ကြ
အဲဒိနေရာလေးကြိုက်တယ်
အရမ်းကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ
း)
flower.poem said,
January 10, 2009 at 4:27 am
ဘ၀ကနက်လာလေလေ
အိမ်ပြန်တံခါးဝတွေ ပိုကျဉ်းသွားလေလေ
ဒီနေရာလေးကို ကြိုက်တယ်
ဝါ၀ါခိုင်မင်း said,
January 10, 2009 at 7:44 am
ကဗျာလေးဖတ်သွားပါတယ် မောင်လေးနွေသူရရေ..
၂၀၀၉ နဲ့အတူ အဆင်ပြေပျော်ရွှင်မှုများကို
ခံစားနိုင်ပါစေ.
ရဲရင့်နီ said,
January 10, 2009 at 9:02 am
ကိုယ့် ကိုယ် ကို
ပြန် ဆန်းစစ် သွားပါတယ်ဗျာ..
ု
လုလင်ငယ်သွေး said,
January 10, 2009 at 9:06 am
ဘ၀က နက်ပေမယ့် ဆက်တူးရင် ရတနာတွေ ရနိုင်ပါတယ်။ ဆက်တူးပါဦး အစ်ကိုရေ။ မတူးလို့ လည်း ရမှမရတာ။ အတိတ်ကို တွေးမိရင်တော့ ဒီလိုချည်းပါပဲ။
အိပ်မက်နိဒါန်း said,
January 10, 2009 at 2:16 pm
မနေ့ကလမ်းတွေက ပိုကျဉ်းသွားပေမယ့်
မနေ့ကမျက်စိတွေက ပိုကျယ်လာနိုင်ပါ့မလား
မနေ့တုန်းကမင်းကရော မာန်မာနကင်းရဲ့လား
၂၀၀၉ ရဲ့အက်ကြောင်းတိုင်းမှာ
ဘ၀က ပိုပိုပြီးစေးပစ်လာနိုင်သလား
ရန်သူတွေက ပိုပိုပြီးအေးစက်လာနိုင်သလား
သမားရိုးကျ အိမ်ပြန်ညတွေကရော
အရင်လိုနွေးထွေးပါ့ဦးမလား….
ခဏခဏပြန်ဖတ်ရင်း ကိုယ်တိုင်ဆန်းစစ်ကြည့်နေမိတယ်.
အလှတရား said,
January 10, 2009 at 4:32 pm
ကြိုက်တယ် ဗျား..
ခေါင်ခေါင် said,
January 11, 2009 at 3:02 am
ကဗျာလေး ကောင်းပါတယ်
ကြိုက်တယ်
su wai said,
January 11, 2009 at 10:38 am
သက္ကရာဇ်တွေကို ထုဆစ်ထားတဲ့ ရက်စွဲတွေထဲမှာ အလျဉ်းသင့်သလို ဖြတ်သန်းခဲ့တာ သက်တမ်း ၂၀ ကျော်လာခဲ့ပါပြီ ကိုသူရရေ..
မနေ့က.. ဆိုတဲ့ မေးခွန်းတွေနဲ့ ဘ၀ကို ပြန်သုံးသပ်မိတိုင်း မွန်းကြပ်လို့ ဒီနေ့နဲ့ မနက်ဖြန်အကြောင်းကိုပဲ တွေးတော့တယ်.. ၂၀၀၉ ရဲ့ အက်ကြောင်းတိုင်းမှာ ကိုယ့်ဘ၀ ပိုပြီး ယိမ်းယိုင်မသွားအောင်တော့ ကြိုးစားနေဆဲပေါ့…။
အိမ် said,
January 12, 2009 at 10:46 am
ကြိုက်တယ်ဗျာ ကဗျာလေးက လေးနက်မှုရှိတယ် စဉ်းစားစရာတွေ ပေးထားတယ် အလွန်တန်ဖိုးရှိတဲ့ ကဗျာလေးပါ။
ဖိုးဂျယ် said,
January 12, 2009 at 7:40 pm
ဘ၀ကနက်လာလေလေ
အိမ်ပြန်တံခါးဝတွေ ပိုကျဉ်းသွားလေလေ
တိုးရင်းဝှေ့ရင်းနဲ့ပဲ
အလျင်းသင့်သလို ဖြတ်သန်းခဲ့ကြ
တိုးရင်းဝှေ့ရင်းနဲ့ပဲ
ပြီးဆုံးကြောင်း ကြေညာခဲ့ကြ
အဲ့စာသားလေး ကြိုက်တယ် အကိုရေ
အကို့စာတွေကြိုက်တယ် မမန့်ရဲလို့
မသက်ဇင် said,
January 13, 2009 at 6:53 pm
နွေသူရရေ—
“နွေသူရသို့ …အိတ်ဖွင့်ပေးစာ”
ကဗျာလေး လာဖတ်တယ်—
ကောင်းတယ်–
ဝေလေး said,
January 14, 2009 at 3:51 pm
ကဗျာလေးကြိုက်တယ်. အထပ်ထပ်ဖတ်သွားတယ်….