အဝေးမြို့

အဝေးမြို့

 

ငြီးငွေ့ခြင်းမရှိပါဘူး

အဲဒီနေ့တွေဖြတ်သန်းခဲ့ရတာ

အတောင်ပံတွေကျိုးပဲ့သည်အထိ

ခရီးတစ်ခုပေါက် ပေါက်ခဲ့ကြပြီပဲ…….။

 

ပင်လယ်ကအစ ကောင်းကင်အဆုံး

လက်ထဲမှာလည်း အမုန်းအချစ်ရောထွေးလျက်ပေါ့

ညနက်နက်တွေထဲက တိုးထွက်ကြရင်း

မိတ်ရင်းတချို့လည်းကျန်ခဲ့ပြီ……..။

 

အရှုံးတွေအိတ်သွန်ဖာမှောက်လို့

နှလုံးသားတွေ ပြတင်းပေါက်ဖွင့်ချိန်မှာတော့

ညနေဟာသဂြိုဟ်ဖို့ပြင်နေပြီ…..။

 

ဆုံးရှုံးဖူးတာတစ်ခုမကမို့

ဘယ်သူမှ  မျက်ရည်မကျခဲ့ကြဘူး

လမ်းခွဲမှာ  လက်တွဲဖြုတ်ရသလို

အလွမ်းတွေဟာ အိုတယ်လို့မရှိပါဘူး….။


ပြန်ရောက်ခဲ့ချိန်မှာ…

လမ်းတွေဟာကြိုနေမယ်

ညတွေဟာကြိုနေမယ်

အားလုံးဟာနုပျိုမြဲပဲ…..။

 

ဒါဏ်ရာတွေ   ပြန်တူးဆွတာတောင်မှ

အဝေးမြို့ဟာ     အေးခဲမှာမဟုတ်သေးပါဘူး…..။     

 

နွေသူရ

၁၁၊၂၀၀၁

 

 

Advertisement

9 Comments

  1. ဆုငယ်. said,

    January 6, 2009 at 10:13 pm

    ကဗျာလေးက မိုက်လိုက်တာ။ ဆုတော့ အဲလို ကဗျာ ကောင်းကောင်းလေးတွေ မရေးတက်သေးဘူး။

  2. meimeistar said,

    January 6, 2009 at 11:55 pm

    ဆုံးရှုံးဖူးတာတစ်ခုမကမို့

    ဘယ်သူမှ မျက်ရည်မကျခဲ့ကြဘူး

    လမ်းခွဲမှာ လက်တွဲဖြုတ်ရသလို

    အလွမ်းတွေဟာ အိုတယ်လို့မရှိပါဘူး….။

    အဲဒါလေးကြိုက်တယ်အကို
    ပျော်ရွှင်ပါစေရှင်

  3. Chit Hnin said,

    January 7, 2009 at 4:15 am

    ကဗျာကောင်းလေး အားပေးသွားပါတယ်။
    ဆုံးရှုံးဖူးတာတစ်ခုမကမို့

    ဘယ်သူမှ မျက်ရည်မကျခဲ့ကြဘူး

    လမ်းခွဲမှာ လက်တွဲဖြုတ်ရသလို

    အလွမ်းတွေဟာ အိုတယ်လို့မရှိပါဘူး….။

  4. ပုလဲ said,

    January 7, 2009 at 5:56 am

    ဒီကဗျာက ….
    ပြောပြမတတ်အောင် ကောင်းနေတယ်
    ကိုနွေသူရကဗျာရေးသားပုံကို အားကျတယ်
    -အရှုံးတွေအိတ်သွန်ဖာမှောက်လို့ နှလုံးသားတွေ ပြတင်းပေါက်ဖွင့်ချိန်မှာတော့ ညနေဟာသဂြိုဟ်ဖို့ပြင်နေပြီ- ဒီစာသားတွေကြိုက်တယ်
    အစဉ်အားပေးလျက်ပါ ကိုနွေသူရ :)

  5. မသက်ဇင် said,

    January 8, 2009 at 10:58 am

    နွေသူရရေ—
    အဝေးမြို့ ကဗျာလေး–
    လာဖတ်တယ်—
    တပုဒ်လုံးကောင်းတယ်–
    ကဗျာအလှဖွဲ့စည်းမှု သပ်ရပ်တယ်–
    စကားလုံးတွေ–လှတယ်–
    ခံစားချက်နဲ့ အတွေးကိုပေါင်းစပ်ထားတယ်–

  6. သူမလေး said,

    January 9, 2009 at 1:37 pm

    ငြီးငွေ့ခြင်းမရှိပါဘူး အဲဒီနေ့တွေဖြတ်သန်းခဲ့ရတာ အတောင်ပံတွေကျိုးပဲ့သည်အထိ ခရီးတစ်ခုပေါက် ပေါက်ခဲ့ကြပြီပဲ…….။
    ပင်လယ်ကအစ ကောင်းကင်အဆုံး လက်ထဲမှာလည်း အမုန်းအချစ်ရောထွေးလျက်ပေါ့ ညနက်နက်တွေထဲက တိုးထွက်ကြရင်း မိတ်ရင်းတချို့လည်းကျန်ခဲ့ပြီ……..။

    …..သူမလေးတော့ ခရီးဆက်နေရဆဲပါရှင်။ အကိုပြောသလိုပဲ အမုန်းတွေရောအချစ်တွေရော အရှုံးတွေရောအနိုင်တွေရော နဲ့နပန်းလုံးနေဆဲပါပဲ။ :) ကဗျာလေးအတွက်ကျေးဇူးပါရှင်။

  7. December Cinderella said,

    January 9, 2009 at 4:04 pm

    မောင်လေး

    မသက်ဇင်ပြောသလိုပဲ
    ဒီကဗျာက
    တပုဒ်လုံးကို စကားလုံးရွေးချယ်မှု
    ခံစားချက် ..အရာအားလုံး
    လှပသေသပ်စွာ ဖွဲ့စည်းထားတယ် ..

    မဆင့်

  8. su wai said,

    January 11, 2009 at 10:29 am

    မွေးကတည်းက အခုအသက်အရွယ်ထိ မိသားစုနဲ့ တခါမှ မခွဲခွာဖူးပေမယ့် ကဗျာလေးနဲ့အတူ ကိုသူရရဲ့ အဝေးမြို့ကို လိုက်ပြန်ကြည့်မိတယ်..

    ခင်မင်လျက်
    ဆုဝေ

  9. အိမ် said,

    January 12, 2009 at 10:49 am

    ဒါလေးလဲ ကောင်းတယ်ဗျ ဒါပေမဲ့ နည်းနည်း
    တော့ လိုက်မမှီဘူးဖြစ်နေတယ်ဗျ ဟီး


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.