တက်ဂ်ကြွေးတစ်ခုတင်နေလို့ ဘာရေးရမှန်းမသိဘူးဖြစ်နေပါတယ်။စိတ်ကူးယဉ်ခြင်းဆိုတော့
ခေါင်းစဉ်ကလွယ်သလိုလိုရှိပေမယ့် စဉ်းစားရခက်နေပါတယ်။ဘ၀မှာစိတ်ကူးယဉ်ခဲ့တာတွေကလည်းတော်တော်များခဲ့တာကိုး။အသက်အရွယ်၊အခြေနေအချိန်အခါပေါ်လည်းမူတည်သေးတာကိုးဗျ။တစ်နေ့ကဒိုင်ယာရီအဟောင်းထဲမှာ
စိတ်ကူးယဉ်ရေးထားတဲ့ကဗျာလေးတစ်ပုဒ်တွေ့လို့ ဆားချက်လိုက်ပါတယ်။(တကယ်လည်းဖြစ်ချင်တဲ့စိတ်ကူးလေးပါ:P….။)
ဆိုင်လားမဆိုင်လားတော့မသိဘူး။ဒီကဗျာလေးနဲ့ပဲအကြွေးဆပ်လိုက်ပြီ မယ်ဂုမိ ရေ…..။
ပြန်ဆုံချိန်
ပြန်ဆုံချိန်မှာ….
နှစ်ဦးသားရင်ခုန်သံတွေနဲ့ ဖွဲ့စည်းထားတဲ့
ကဗျာလေးတချို့အသက်ဝင်လာလိမ့်မယ်။
စိတ်ကူးယဉ်ထားတဲ့တေးသံတွေ
နှလုံးသားအထိလွင့်ပျံ့လာလိမ့်မယ်။
ပြန်ဆုံချိန်မှာ….
အိပ်မက်ထဲကအလွမ်းတွေ
မိုးစက်တွေအဖြစ် ကောင်းချီးပေးလိမ့်မယ်။
ပြီးတော့
အမောပြေ နှုတ်ဆက်အနမ်းလေးတွေ
အလွမ်းပြေ ဓါတ်ပုံအဟောင်းလေးတွေ
ရှင်သန်နိုးထလာလိမ့်မယ်။
ပြန်ဆုံချိန်မှာ….
အထပ်ထပ်ရစ်ပတ်ခဲ့တဲ့ကြိုးတွေနဲ့
နားလည်မှုတွဲလက်တွေကိုချိတ်လို့
အိုအေစစ်သွားတဲ့လမ်းကို
အတူလျှောက်လှမ်းကြမယ်……။ ။
နွေသူရ
၂၉၊၀၅၊၂၀၀၈
Advertisement
megumi said,
January 5, 2009 at 5:23 pm
ရေးပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ ကဗျာဆရာပီသတယ်။
Tag postကို ကဗျာနဲ့ ဖြေတယ်တော့။ ဟိ ဟိ။
ပြန်ဆုံချိန် “အမြန်ဆုံးရောက်ပါစေ”လို့ ဆုတောင်းလိုက်ပါတယ်။
ပုလဲ said,
January 5, 2009 at 5:49 pm
ကဗျာလေးက ရိုးရိုးလေးနဲ့ခံစားလို့ကောင်းနေတယ်
ကိုနွေသူရ
ကဗျာရဲ့ ဒုတိယအပိုဒ်ကို လွန်စွာကြိုက်နှစ်သက်ပါ၏
အားပေးမယ်နော်
အရူးလေး said,
January 5, 2009 at 7:20 pm
ကဗျာကောင်းလေးကို ခံစားသွားပါတယ်ဗျာ
အဆင်ပြေပါစေဗျာ
Chit Hnin said,
January 6, 2009 at 4:35 am
ပြန်ဆုံချိန်မှာ ရင်ခုန်သံကို မညာကြေးနော်… ဆိုတဲ့သီချင်းလေးကို အမှတ်ရမိတယ်
flower.poem said,
January 6, 2009 at 6:37 am
ကဗျာကောင်းလေးတစ်ပုဒ်ပါ အိုအေစစ်လမ်းမှာ အတူလျောက်လှမ်းနိုင်ပါစေ
အိမ် said,
January 12, 2009 at 11:08 am
ကောင်း၏ ပြန်လည်ဆုံစည်းပါစေကြောင်း