အိပ်တန်းပြန်ငှက်များ၏ဒိုင်ယာရီ

အိပ်တန်းပြန်ငှက်များ၏  ဒိုင်ယာရီ

 

စွန့်စွန့်စားစား

ခရီးသွားငှက်တွေပါ…..

မနေ့ကရာသီတွေလိုပဲ

သမားရိုးကျနေတတ်ခဲ့ပါပြီ…..။

 

ကံကြမ္မာရဲ့  ကြံရာပါဆွဲချက်တွေနဲ့လည်း

မျက်လုံးစုံမှိတ် တိတ်တိတ်နေတတ်ခဲ့ပါပြီ…..။

 

ဦးတည်ရာမဲ့လမ်းတွေထက်မှာတော့

ဗလာသက်သက်နဲ့ စုတ်ချက်ကြမ်းတွေပဲ ရရှိခဲ့တယ်…။

 

ဒီရေကိုကျော်ဖြတ်

မုန်တိုင်းလွတ်မယ့်အရပ်ဟာ မျှော်လင့်ချက်တွေနဲ့ပေါ့….

လရောင်ငတ်တဲ့ညတွေတိုင်းမှာ

မိုးစက်တွေက ကဗျာမဆန်ခဲ့ဘူး….

ရေလှိုင်းတွေဟာလည်း ကဗျာမဆန်ခဲ့ဘူး…

ရူးရူးမူးမူး တိုးထွက်ခဲ့ရပေမယ့်

နှလုံးသားတွေ မရဲရင့်ခဲ့ကြဘူး….။

 

မိသားစု

ဘဝ

စားဝတ်နေရေး

အရာအားလုံးအတွက် စတေးခဲ့ရတဲ့လက်တွေထဲမှာ

သိက္ခာတွေ မပုပ်သိုးခဲ့ဘူး…

ကိုယ့်လိပ်ပြာကိုယ် အရောင်မဆိုးခဲ့ပါဘူး…..။

 

ရင်နာစရာတွေက စားမြုံပြန်ဖို့လွယ်ပေမယ့်

ရင်နင့်စရာ အမာရွတ်တွေကတော့

အခုထိ ထင်ကျန်နေတုန်း ပဲ ……။

 

လေဟုန်မှာ  ၀ဲခဲ့ရပေမယ့်

ဆုတ်ပြဲခဲ့တဲ့ ဒီအတောင်ပံတွေကိုတော့

ဘယ်သူကများ  စာနာနိုင်ခဲ့လို့လဲ….။ 

          

အရှုံးမပေးဘူးလို့ ရူးလောက်အောင်အော်ဟစ်နေလည်း

မျှော်လင့်ချက်ရင်ခွင်တခြမ်းကတော့ မီးကြွမ်းခံခဲ့ရပြီးပြီလေ….။     

 

 နွေသူရ

၁၆၊၁၀၊၂၀၀၇

Advertisement

9 Comments

  1. ပုလဲ said,

    January 3, 2009 at 12:58 pm

    အောက်ဆုံးကဗျာစာကြောင်းလေးက ကြေကွဲစရာကောင်းလိုက်တာ ကိုနွေသူရရယ်
    -မိသားစု
    ဘဝ
    စားဝတ်နေရေး
    အရာအားလုံးအတွက် စတေးခဲ့ရတဲ့လက်တွေထဲမှာ သိက္ခာတွေ မပုပ်သိုးခဲ့ဘူး…
    ကိုယ့်လိပ်ပြာကိုယ် အရောင်မဆိုးခဲ့ပါဘူး…..-
    ဒီနာလေးကိုတော့ ကြိုက်တယ်
    အားလည်းပေးပါတယ် ဘ၀အတွက်ရော
    ကဗျာအတွက်ပါ အားပေးတာပါ

  2. loyallove said,

    January 3, 2009 at 1:47 pm

    ကဗျာကောင်းလေးခံစားသွားပါတယ်…အားလုံးအဆင်ပြေပါစေဗျာ

  3. အိမ် said,

    January 3, 2009 at 7:11 pm

    ကဗျာကောင်းလေးတပုဒ်ပါပဲ
    စာသားတွေထိတယ်ဗျာ

  4. ဖိုးဂျယ် said,

    January 4, 2009 at 12:36 am

    ကောင်းမွန်တဲ့ ကဗျာကောင်းလေးတပုဒ်
    ခံစားသွားတယ်။ အကိုအရေးအသားတွေ
    လေးစားတယ်ဗျာ ညီကတော့
    ကြိုးစားလျှက်ပါပဲ

  5. ဆုငယ်. said,

    January 4, 2009 at 12:50 am

    ဒီကဗျာလေး အရမ်းကြိုက်တယ် အကို ဖြစ်နိုင်ရင် အမှတ်တရ ကူးယူးထားချင်တယ် ခွင့်ပြုတယ်ဆိုရင်ပေါ့။

  6. December Cinderella said,

    January 4, 2009 at 5:06 am

    ကဗျာတစ်ပုဒ်လုံးက အရမ်းကောင်းလွန်းလို့
    ဘယ်အပိုဒ်ကို ကြိုက်တယ်လို့ ပြောရမှန်း မသိဘူး။

    ကဗျာရဲ့ အနှစ်သာရကလဲ
    ရင်ကို ထိချက်ပြင်းလွန်းတယ်လို့ ဆိုရမယ်။

    ခင်တဲ့
    မဆင့်

  7. မိုးသောက် said,

    January 4, 2009 at 5:19 am

    လေဟုန်မှာ ၀ဲခဲ့ရပေမယ့် ဆုတ်ပြဲခဲ့တဲ့ ဒီအတောင်ပံတွေကိုတော့ ဘယ်သူကများ စာနာနိုင်ခဲ့လို့လဲ….။
    ထိတယ်ဗျို့
    စာသားလေးတွေက
    အားပေးပါတယ်ဗျာ

  8. မသက်ဇင် said,

    January 4, 2009 at 11:49 pm

    နွေသူရရေ—-
    နေမကောင်းဖြစ်နေတာကြာပြီ—
    အခုမှ လာလည်ရတယ်—
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ—

  9. zam said,

    January 5, 2009 at 3:08 am

    ကဗျာလေးကိုလာခံစားသွားပါတယ်..
    ကောင်းတယ်ဂျ.. သနားစရာလေး..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.