နှင်းပျော်ချိန်

နှင်းပျော်ချိန်

 

ဖြူစင်ခဲ့တဲ့ နှင်း…

ခြေရာတွေနင်းဖြတ်ပြီးတဲ့နောက်

အရည်တွေပျော်  အရောင်တွေပျက်..

သဘာဝကပေးတဲ့စုတ်ချက်တွေ

မင်းမှာမရှိတော့ဘူး….

နွေအ၀င်လမ်းမှာဖြတ်သန်းခဲ့တဲ့နေ့တွေက

ကြမ်းလွန်းပါတယ်….

တမျိုးစီလှပေမယ့်

တခြားစီရှိကြတဲ့ သဘာဝတွေကိုတော့

တို့….မလွန်ဆန်နိုင်ခဲ့ကြဘူးလေ….။     

 

နွေသူရ

၀၅၊၀၄၊၂၀၀၇.

Advertisement

10 Comments

  1. ကိုတိုးလေး said,

    December 27, 2008 at 1:14 am

    နှင်းပျော်တဲ့ချိန်လေး ဖတ်သွားတယ်နော် ကိုနွေသူရ။ ကဗျာလေးက တော်တော်လေးကောင်းတာပဲဗျာ။ နောက်လည်းဆက်ရေးပါဗျာ အားပေးနေပါတယ်ဗျာ။ အဆင်ပြေပါစေဗျာ။

  2. အိပ်မက်ရှင် said,

    December 27, 2008 at 3:10 am

    တမျိုးစီလှပေမယ့် တခြားစီရှိကြတဲ့ သဘာဝတွေ ဆိုတဲ့နေရာလေး သိပ်ကို လှတယ် …
    နှင်းပျော်ချိန်မှာ ပါဝင်ပျော်ကျသွားခဲ့တဲ့ ဒီကဗျာလေးကို ဖတ်ပြီး …
    ရင်ထဲမှာ တစ်မျိုးလေး ခံစားသွားခဲ့ရတယ် ကဗျာဆရာ … ။

  3. Craton said,

    December 27, 2008 at 8:30 am

    မိုက်လှချည်လားဗျို့။း)

  4. ပုလဲ said,

    December 27, 2008 at 10:59 am

    ကဗျာကအရမ်းကောင်းတာပဲ ကိုနွေသူရ
    ကိုနွေသရကဗျာတိုင်းက တစ်မျိုးလေးကိုကောင်းနေတယ်
    လေးနက်တယ်
    ရိုးရှင်းတဲ့စာသားတွေဆိုပေမယ့် ထူးကိုထူးနေတယ်
    ပုလဲခံစားရတာကိုပြောတာပါ
    အမှားပါရင်ခွင့်လွှတ်ပေးပါနော်
    အားပေးလျက်ပါ
    :)

  5. ၀ါဝါခိုင်မင်း said,

    December 27, 2008 at 1:01 pm

    ကဗျာလေးက ရိုးရိုးလေးနဲ့ ဆန်းနေတယ်.
    ကဗျာလေးကောင်းတယ် မောင်လေးနွေသူရ ရေ.

    အားပေးလျှက်
    မ၀ါ

  6. လုလင်ငယ်သွေး said,

    December 27, 2008 at 2:16 pm

    အစ်ကိုရေ ကျွန်တော်လည်း အိပ်မက်ရှင်ပြောတဲ့ စာသားလေးကို သဘောကျသဗျာ။ အစ်ကိုမြင်တတ်တာလေးကို ချီးကျုးပါတယ်။

  7. ညခင်းနဲ့လမင်း said,

    December 27, 2008 at 4:50 pm

    ကဗျာတွေ ကောင်းတယ်ကိုနွေသူရလေ

    မလွန်ဆန်နိုင်တာတော့အမှန်ပဲဗျာ

    တော်တော်အေးတယ်ဗျာ

    ခင်လျက်

  8. December Cinderella said,

    December 28, 2008 at 3:01 am

    အိပ်မက်ရှင်ပြောသလိုပဲ ။။။
    တမျိုးစီလှပေမယ့် တခြားစီရှိကြတဲ့ သဘာဝတွေ ဆိုတဲ့နေရာလေးက သိပ်ကို လှတယ် …

    ဒီကဗျာလေး အစ်မ အရမ်းကြိုက်တယ် ။

    ခင်တဲ့
    မဆင့်

  9. megumi said,

    December 28, 2008 at 4:21 am

    တမျိုးစီလှပေမယ့်

    တခြားစီရှိကြတဲ့ သဘာဝတွေကိုတော့

    တို့….မလွန်ဆန်နိုင်ခဲ့ကြဘူးလေ….။

    အဲဒီနေရာလေး ကြိုက်တယ်။ ကဗျာလေး မိုက်တယ်။

  10. su wai said,

    December 28, 2008 at 7:34 am

    နှင်းပျော်ချိန်မှာ ပျော်ဝင်သွားတယ် ကိုသူရရေ…
    နှင်းအပျော်…နွေအ၀င်…မိုးအကူး… အပြောင်းအလဲတွေကို မလွန်ဆန်နိုင်ပေမယ့် သဘာဝတရားကြီးက ရေးဆွဲတဲ့ စုတ်ချက်တွေက တစ်မျိုးစီ လှနေကြပါတယ်… ကိုသူရရဲ့ ကဗျာထဲမှာ ဒီအလှတွေနဲ့ သဘာဝကို ခံစားနားလည်လိုက်ရတယ်။

    ခင်တဲ့
    ဆုဝေ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.