(တင်ပြီးသားလေးပါပဲ…..စာမေးပွဲတစ်ခုပြီးတိုင်းအမှတ်ရနေမိလို့ပါ…) အ၀ါရောင်လမ်းခွဲ မြုပ်ချည်ပေါ်ချည် ဖြတ်သန်းခဲ့ကြသော ပင်လယ်တစ်ခု…. ပေးဆပ်ခဲ့ရသောနွေနဲ့ ဆုတ်ပြတ်သတ်ခဲ့တဲ့ အိမ်ပြန်ရက်တွေသာ ငါ့ကိုရူးသွပ်စေခဲ့တယ်…. မျှော်လင့်ခြင်းနေ ၀င်ခဲ့ပြီးနောက် ခွဲဖြုတ်ခဲ့ကြသောလက်တွေ ကျွမ်းရစ်ခဲ့ကြသောဘ၀တွေ တစစီ.. တစစီ.. ဟိုးအဝေးဆုံးဆီထိ ငါတို့လွင့်ခဲ့ကြတယ်… ပြန်မရနိုင်တော့တဲ့ ဘ၀ရဲ့လက်ထဲကနေ မရိုးနိုင်တဲ့ဆားငံရေတွေ သောက်မိတုန်းပဲ… ပြာဖြစ်ပြီးတဲ့နောက်တော့ သွေ့ခြောက်စွာနဲ့ မျောလွင့်ရတော့မယ်… ပင်လယ်တစ်ခုကတော့ အခုထိအေးစက်တုန်း…။ ။ နွေသူရ ၀၉၊၀၂၊၂၀၀၄ (Final Part II နောက်ဆုံးနေ့က အမှတ်တရအဖြစ်ရေးဖွဲ့ခဲ့ပါသည်..။)
အ၀ါရောင်လမ်းခွဲ
December 21, 2008 at 11:00 am (အ၀ါရောင်လမ်းခွဲ)
Advertisement
khin oo may said,
December 21, 2008 at 1:29 pm
အဟောင်းလဲ မဖတ်ရသေးရင် အသစ်ဘဲလို့ပြောထားဘူးတဲ့အတိုင်း
အလှတရား said,
December 21, 2008 at 2:20 pm
အ၀ါရောင် ဆိုတာ
ဝမ်းနည်းခြင်းလားဗျ..
loyallove said,
December 21, 2008 at 5:42 pm
ကဗျာကောင်းလေးကို ခံစားသွားပါတယ် အဆင်ပြေပါစေဗျာ
su wai said,
December 22, 2008 at 4:24 am
ကဗျာအဟောင်းလေးပေမယ့် မဖတ်ရသေးတဲ့သူတွေအတွက် ခံစားချက်အသစ်တွေကို ပေးပါတယ် ကိုသူရရေ..
အ၀ါရောင်လမ်းခွဲ ဆိုတဲ့ ကဗျာခေါင်းစဉ်လေး ဖတ်ပြီး ၀မ်းနည်းသွားသလို ခံစားရတယ်.. ကဗျာလေးကလဲ လွမ်းစရာကောင်းတယ်..။
ဦးဦးဖျားဖျားရလိုက်တဲ့ နှစ်သစ်ဆုတောင်းလေးအတွက်တော့ ကျေးဇူး.. ကိုသူရ ဆုတောင်းပေးတဲ့အတိုင်း ပြည့်ပါရစေ… ။
ကဗျာတွေကို အမြဲအားပေးနေတဲ့
ဆုဝေ
meimeistar said,
December 22, 2008 at 2:22 pm
ဝင်ရောက်ခံစားပေးသွားပါတယ်ရှင်
း)
မသက်ဇင် said,
December 23, 2008 at 2:53 am
မုပ်ချည်ပေါ်ချည် ဖြတ်သန်းခဲ့ကြသော
ပင်လယ်တစ်ခု….
ပေးဆပ်ခဲ့ရသောနွေနဲ့
ဆုတ်ပြတ်သတ်ခဲ့တဲ့ အိမ်ပြန်ရက်တွေသာ
ငါ့ကိုရူးသွပ်စေခဲ့တယ်….
“အ၀ါရောင်လမ်းခွဲ” တဲ့လား—
ရင်ထဲမှာမောလျစွာ–ခံစားသွားပါတယ်–
Craton said,
December 23, 2008 at 10:44 pm
မိုက်တယ်.. မိုက်တယ်… မိုက်တယ် (စိုင်းစိုင်းသီချင်းမဟုတ်ပါ။ အမှန်အကန်မိုက်တာပါ)
း)
မသက်ဇင် said,
December 25, 2008 at 3:36 am
နွေသူရရေ—–
ပျော်ရွှင်သောခရစ္စမတ်နှင့်အတူ–၂၀၀၉ မှာ
အစစအရာရာအဆင်ပြေ ချောမွှေ့ပါစေ—
တက်လူငယ် said,
December 25, 2008 at 7:49 pm
ကောင်းလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါလား။
အကို့ကဗျာလေးတွေကို အားလပ်ချိန် အခွင့်သာတိုင်း အမြဲလာဖတ်ချင်ပါသေးတယ်။